Events
အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ၏ လျှပ်စစ်နှင့် အီလက်ထရောနစ်စက်ပစ္စည်းကဏ္ဍ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2022-03-29 16:51:22

၁။ အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) လျှပ်စစ်နှင့် အီလက်ထရောနစ်စက်ပစ္စည်း ကဏ္ဍ၏ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို၂၀၂၂ ခုနှစ်၊ မတ်လ (၂၉) နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါ အစည်းအဝေးတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ရှိ ကဏ္ဍများအလိုက် လုပ်ငန်းစီမံချက် (Plan of Actions - PoAs) ပါ လုပ်ငန်းစဉ် (Activities) များမှ လျှပ်စစ်နှင့် အီလက်ထရောနစ်စက်ပစ္စည်းကဏ္ဍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ပါသည်။
၃။ အစည်းအဝေးကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်း ဦးဆောင်၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ ကဏ္ဍအလိုက် ကော်မတီ အဖွဲ့ဝင်များမှ Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များကို NES Unit မှ ဖြန့်ဝေသွားမှာဖြစ်ပြီး အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်များတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှလိုအပ်သော ညှိနှိုင်းဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
More Events
Malaysia Gold & Jewellery Trade Exhibition (MGJTE) 2025 ပြပွဲ ကျင်းပမည်
Date: 9th to 11th May, 2025
2nd ASEAN-Pakistan Business Opportunities Conference ကျင်းပမည်
Date: 16th to 21th April, 2025
Smart Farm Korea 2025 (SFKOREA 2025 ) ပြပွဲ ကျင်းပမည်
Date: 21st to 23rd May, 2025